သတင်းများ

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိ သူများသည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး
Jul 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန် ဘူးသီးတောင်မြို့နယ်က ကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု၊ ဘကုံးနားကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များပေးအပ်ကာ အဆိုပါကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများအတွက် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းခန်းမ၌ (ဒုတိယ) ကြိမ်အဖြစ် ထောက်ပံ့ပစ္စည်းများဖြစ်သည့် သွပ်ချပ်၊ အမိုးသံ၊ သစ်၊ 40-Kg ဆန်နှင့် စားသောက်ဖွယ်ရာတို့အား လေဘေးသင့်အိမ်ထောင်စု များအားထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာ/ဆရာမများအား ဆန်နှင့်ခေါက်ဆွဲခြောက်များပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကွင်းဆင်းပေးအပ်
Jul 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်အုပ်ကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ အုပ်ဖိုကန်ကျေးရွာရှိ မိုးစပါးစိုက် သမဝါယမအသင်းသား တောင်သူများနှင့် ကျပ်ဆည်ကျေးရွာအုပ်စု ဆပ်ခင်းကြီးကျေးရွာ တို့မှ MSME လုပ်ငန်းရှင်များအတွက် ရန်ပုံငွေများကို ဇွန်လ ၃၀ ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန်က လုပ်ငန်းတည်ရှိရာသို့ တစ်ဦးချင်း လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ
Jul 03,2023
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲအခမ်းအနားကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြိုနယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ငဖဲမြို့နယ်တွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ် ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ် တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီက ငဖဲမြို့မဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၂၁)ဧကစိုက်ပျိုးမည်
Jul 03,2023
တံတားဦခရိုင်၊ တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်ဒေသအလိုက် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုမိုးစပါး(၁၂၁)ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။