ဘူးသီးတောင် ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန် ဘူးသီးတောင်မြို့နယ်က ကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု၊ ဘကုံးနားကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များပေးအပ်ကာ အဆိုပါကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများအတွက် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းခန်းမ၌ (ဒုတိယ) ကြိမ်အဖြစ် ထောက်ပံ့ပစ္စည်းများဖြစ်သည့် သွပ်ချပ်၊ အမိုးသံ၊ သစ်၊ 40-Kg ဆန်နှင့် စားသောက်ဖွယ်ရာတို့အား လေဘေးသင့်အိမ်ထောင်စု များအားထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာ/ဆရာမများအား ဆန်နှင့်ခေါက်ဆွဲခြောက်များပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ကကျက်ဘက်ကျေးရွာအုပ်စုရှိ မိုခါမုန်တိုင်းကြောင်း အမိုးလန်ပျက်စီးသွားသော အ.မ.က(မူလွန်)ကကျက်ဘက်စာသင်ကျောင်းဆောင် အဆောက်အဦး ပြန်လည်ပြုပြင်ပြီးစီးမှုအား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ KG တန်းကျောင်းသား/ ကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြားကာ ကျောင်းသား/ကျောင်းသူများအား အာဟာရဖွံဖြိုးစေရန်အတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)