မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကားပြော ကြားရာ တွင်  “ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးနေ့အခမ်းအနားများကို နေရာတိုင်းတွင် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မက်မန်း မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်အဖွဲ့ဝင်များ၊ မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသားကျောင်းသူ(၉)ဦးနှင့် သင်ကြားပြသပေး ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

စောဥမ္မာ (ပြန်/ ဆက်)