ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

ပလောက် ဇူလိုင် ၃

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ပလောက်မြို့ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ရဲမြင့်ဟိန်း ကြီးကြပ်၍ ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအား စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆရာ/ဆရာမများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပလောက်မြို့၊ မူလွန်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား (ပထမအကြိမ်) ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်