ကျိုက်မရော ဇူလိူင် ၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းပြည်သူများ၏ဝမ်းစာ စပါးဖူလုံမှုရှိစေရေးနှင့် တောင်သူဦးကြီး များဝင်ငွေတိုးရန်၊ထွက်ကုန်များပိုမို ထုတ်လုပ်နိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ ခု နှစ်မိုးစပါးစိုက်ဧက စိုက်ပျိုးရန် (၅၃၇၈၂)ဧက လျာထားလျက်ရှိရာ တောင်သူများလယ်ယာလုပ်ငန်းခွင် စတင် ချိန်မှစ၍ ဇွန်လကုန်အထိ မိုးစပါးဧက(၁၁၅၄၇) ဧကစိုက်ပျိုးထားပြီး ဖြစ် သဖြင့် (၂၁. ၄၇)ရာခိုင်နှုန်း စိုက်ပျိုး နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်စေရေး မျိုးကောင်းမျိုးသန့် စပါးများ စိုက်ပျိုး၍ အထွက်နှူန်း တိုးပွားစေရန်အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန် ရှိသူများက စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေသြဇာသုံးစွဲမှုစနစ် မှန်ကန်စေရေးတို့အတွက် တောင်သူများအား ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဟောပြောခြင်း၊ နည်းပညာများပေးခြင်း စသည့်လိုအပ်သည့်ကူညီပံပိုးမှုများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)