သာပေါင်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ မေလ ၂၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်က ခေနန်ကျေးရွာအုပ်စုသို့ သွားရောက်ကာ တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ဓမ္မာရုံတွင် တောင်သူများနှင့်တွေ့ဆုံကာ တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရေး၊ ၂၀၂၃ ခုနှစ်၊ မိုးစပါးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများရယူ၍ စပါးအထွက်တိုးစေရန် ဆောင်ရွက်ရေး၊ စိုက်ဘဏ်ချေးငွေကြွေးကျန် အပြေအကြေ ပေးသွင်းရေးတို့ကို ဆွေးနွေးမှာကြားရာ ဒေသခံတောင်သူများ၏ ပြန်လည် ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)