ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်နှင့်အသား၊ ငါးများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါးများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လည်ပိုင်းက မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အခြေခံစားသောက်ကုန်နှင့် အသား၊ ငါးများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များအား မီးရထား၊ ကုန်တင်မော်တော်ယာဉ်များနှင့် ရေကြောင်းတို့ဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မ.စ.က၊ မြို့နယ်ရ.စ.က၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ အမဲသားဒိုင်၊ ဝက်သားဒိုင်၊ ဆိတ်သားဒိုင် ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)