သာယာဝတီမြို့နယ်၌ ကျားမအခြေပြု အကြမ်းဖက်မှုအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (သုံးဆယ်ကျောင်း နှင့် အ.လ.က (သာယာဝတီ)ကျောင်းတို့တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။