ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းသန့်ရှင်းရေးကျင်းပဆာင်ရွက်

ဒေါပုံ   ဇူလိုင်  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က  ယမုံနာလမ်းမကြီးတစ်လျှောက်ရှိ ရေတပ်၀င်းရှေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တာ၀န်ရှိသူ များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမုံနာလမ်းမကြီးတစ်လျှောက် ရေတပ်၀င်းရှေ့တွင် ကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်နှင့် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်တို့အား ပျိုးပင်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ရှိသူတို့အား ပျိုးပင်များကို ပေးအပ်ခဲ့ကြပြီး ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာ၀န်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ အရိပ်ရပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ဆက်လက်ဆောင် ရွက်ခဲ့ကြရာ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့်အဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များက ကျောင်း၀င်းအတွင်းရှိ အမှိုက်များ၊ ခြုံနွယ်များနှင့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား စုပေါင်းသန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)