ရွှေဘို ဇွန် ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့၌ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်"အအေးပေးဒြပ်ပစ္စည်းများအကြောင်း"အသိပညာပေးTalk Show ကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီးရွှေဘိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက၊ အအေးပေးဒြပ်ပစ္စည်းများ၏အဓိပ္ပါယ်၊ အအေးပေးနည်းပညာဆိုင်ရာ အလုပ်အကိုင်များ၊ အအေးပေးပစ္စည်းများ အသုံးပြုပုံ၊ အအေးပေးဒြပ်ပစ္စည်း အမျိုးအစား၊ မြန်မာနိုင်ငံတွင် အအေးပေးစနစ်များအလိုက် အများဆုံးအသုံးပြုသောဒြပ်ပစ္စည်းများ ၊အအေးပေးပစ္စည်းများအရေးပါပုံ၊ အအေးပေးပစ္စည်းများ အသုံးပြုသင့်သည့်အချက်များ၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ရွှေဘိုခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနတို့ပူးပေါင်း၍ ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် အသိပညာပေးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)