မြန်အောင် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်အဆင့် (မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ)မြို့နယ်များမှ ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယမန်နေ့က မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာဝတိံသာဓမ္မာရုံ၌ ကျင်းပရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဇနီး၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် ဇနီး၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီး၊ ပြိုင်ပွဲဝင် ဝတ်ရွတ် အသင်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်အလိုက် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။ ထို့နောက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး ဒေါ်နေခြည်ဝင်းတို့က မြန်အောင်မြို့ ဘာဝနာတိုက်သစ် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထူ ပစ္စည်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ မြန်အောင်ခရိုင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက ပထမဆုရရှိသော မြန်အောင်မြို့နယ် ဝတ်ရွတ်အသင်း၊ ဒုတိယဆုရရှိသော ကြံခင်း မြို့နယ် ဝတ်ရွတ်အသင်းနှင့် တတိယဆုရရှိသော အင်္ဂပူမြို့နယ် ဝတ်ရွတ်အသင်းတို့အား ဆုများပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)