ရွှေတောင် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကြိုးဝိုင်း အကွက်အမှတ်(၂၅)တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးဇာနည်ဝင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှား၊ ကျွန်း၊ ပျဥ်းကတိုး၊ မယ်ဇယ်၊ မယ်ဇလီစသည့် ပျိုးပင်ပေါင်း( ၃၆၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များ ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်စိုက်ပျိုးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၇)ဦး တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန် / ဆက်)