အ.ထ.က ခွဲ (ရေပူကြီး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ ပြုလုပ်

ကော့ကရိတ်  ဇွန် ၂၈

လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က ခွဲ(ရေပူကြီ) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ အ.ထ.ကခွဲ (ရေပူကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအေးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဥ်တို့ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်က လူငယ်နှင့် အားကစားအကြောင်း သိကောင်းစရာ အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။  ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)