တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ

တောင်ကုတ် ဇွန် ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၂၃၀၇)ဦး ရှိသည့်အနက် (၁၆၅၆)ဦးကို ထပ်ဆောင်းကာကွယ်ဆေးအဖြစ် လည်းကောင်း၊ အသက် (၅)နှစ် ပြည့်ပြီး KG ကျောင်းသား၊ကျောင်းသူ စာရင်းရှိ (၂၈၇၈)ဦးရှိသည့်အနက် (၆၅)ဦးကို (ပထမ)အကြိမ် အဖြစ်လည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိငြိမ်းနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)