ဘုတ်ပြင်း ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေး ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဦးအောင်သူရကျော်နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးငြိမ်းမြတ်အေးတို့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ကူးစက်ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ သွေးလွန် တုပ်ကွေးရောဂါအဖြစ်များသည့် အသက်အရွယ်အလိုက် ဖြစ်ပွားမှုအခြေအနေများ၊ ကုသရေးနှင့် ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်အောင် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)