သရက်ချောင်းမြို့နယ်တွင် ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းများစတင်ဆောင်ရွက်

သရက်ချောင်း   ဇွန်   ၂၈

နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက် အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးလွင်ဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID)နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းကို ဇွန်လ ၂၇ရက်နေ့နံနက်ပိုင်းမှစ၍ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄နာရီခွဲအထိ သတ်မှတ်စုရပ်နေရာများတွင် ဆောင်ရွက်ပေးလျက် ရှိပြီး လာရောက်ဆောင်ရွက်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာ ရမည်ဖြစ်ကြောင်း သိရသည်။

ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကိုDatabase တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့်(Unique ID) နံပါတ် ပါကတ်ပြားများကိုနေ့ချင်းပြီးထုတ်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique IDထုတ်ပေးရန် Onlineစနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ်တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)