သရက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်

သရက် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် ကျေးလက်လမ်း၊ တံတားများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်သရက်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဟု အဆိုပါ ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြရေ-ပုထိုး လမ်းပေါ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် ကျောက်စီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်း Box Culvert (1.52m×7.31mx ×1.52) (၃)စင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ပြရေ-ပုထိုး(၂/၁)မိုင်အား ကျောက်ချော လမ်းခင်းခြင်း၊ ပြရေ-ပုထိုးလမ်းပေါ်တွင် ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert (1.52m×7.31mx ×1.52m)(၄)စင်း တည်ဆောက်ခြင်း၊ ဝက်သားစား-ဝက်တိုးလမ်းမှ ကမ်းနီရွာဆက်လမ်းပေါ်တွင် ရေကျော်(၂၀၀ပေ)(၁)စင်း၊ တည်ဆောက်ခြင်း၊ ကမ်းနီ-ပိဿလိမ်းကျေးရွာ  ချင်းဆက်လမ်း(၂/၁)မိုင်အားမြေနီလမ်းခင်းခြင်းနှင့် ရွှေပန်ူကိုင်းလမ်းမှ ရှမ်းရွာကြောတောင်မြင်လမ်း(၂/၂)မိုင် အား မြေနီလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၈)ရွာရှိ အိမ်ခြေ(၁၅၀၉)အိမ်ထောင်စုမှ လူဦးရေ (၆၂၄၁)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ဇော်ထက်(သရက်)