တိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ် စစ်ဆေးရေးဂိတ်၌ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်

ညောင်တုန်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ တိုင်းဒေသကြီးအဝင် ပန်တိုင် ယာဉ်စစ်ဆေးရေး ဂိတ်၌ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးခြင်းကို ယ‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မျိုးထက် ဦးဆောင်၍ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ပန်တိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ကျ ပူးပေါင်း အဖွဲ့များမှ တိုင်းဒေသကြီးအတွင်းသို့ ဝင်ထွက်သွားလာ‌နေ‌သော မော်တော်ယာဉ်များအား ယာဉ်အန္တရာယ် ကင်းရှင်း‌ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိ လိုက်နာစေရေးနှင့် ယာဉ်တိုက်မှု လျော့နည်း‌စေရေး အသိပညာပေး စစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)