ရွာငံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

ရွာငံ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၃ -၂၀၂၄ ) ဘဏ္ဍာနှစ် ဧပြီ ၊ မေ ၊ ဇွန်လများအတွက် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား (၃၆၁)ဦးအတွက် ငွေကျပ် (၁၀၈၃၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့များ၊ ရွာငံမြိုနယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နီလေးလွင်တို့က‌ ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)