ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ပန်ဆိုင်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို  ယနေ့နံနက် (၁၀:၃၀)နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့ကို သတ်မှတ်ခေါင်းစဉ်အလိုက် ယှဉ်ပြိုင်စေခဲ့ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့ အ.ထ.က ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)