ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူများ၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/ မ များအား ဂုဏ်ပြုချီးမြှင့်

ကျောင်းကုန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆု ရရှိခဲ့သောကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ မများအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို အ.ထ.က(၁)၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ထူးချွန်စွာအောင်မြင်ခဲ့သူများဟာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က(၄)ဘာသာဂုဏ်ထူးရှင်(၈)ဦးနှင့် အခြေခံပညာအောင်ချက် အကောင်းဆုံးကျောင်းမှ ပထမရရှိသော အ.ထ.က ညောင်အိုင်၊ ဒုတိ ယရရှိသောအ.ထက(၂)နှင့်တတိယ ရရှိသော  အ.ထ.က(၁)တို့အားလည်းကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင် က(၃)ဘာသာဂုဏ်ထူးရှင်များနှင့် အောင်ချက်အကောင်းဆုံး အ. ထ.က(ခွဲ)ကျောင်းမှ ပထမရရှိသော အ.ထ. က(ခွဲ)မီးသွေး တိုက်၊ဒုတိယရရှိသော အ.ထ.က(ခွဲ)ပိန်းဂရက်ကြီးနှင့် ပူးတွဲတတိယရရှိသော အ. ထ.က(ခွဲ)မိုးပြာအရှေ့နှင့် ပုဂံစု တို့အားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အဖွဲ့ဝင်(၂)ဦးတင်မောင်က (၃)ဘာသာဂုဏ်ထူးရှင်များနှင့် အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းမှ ပထမရရှိသော မြတ်ပညာတံခွန်၊ ဒုတိယရရှိသော ကံ့ကော်မြိုင်နှင့်တတိယ ရရှိသော ဘဝရှေ့ဆောင် တို့အားလည်းကောင်း၊ ဌာနဆိုင်ရာအကြီးအ ကဲများက(၂)ဘာသာ၊ (၁)ဘာသာရရှိကြသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။

ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဖြေဆိုသူ(၇၁၆)ဦးတွင် အောင်မြင်သူ (၄၉၂)ဦးရှိသဖြင့် ရာခိုင်နှုန်း(၆၈.၇၂)% ရှိကြောင်း၊(၄)ဘာသာ ၈ ဦး(၃)ဘာသာ ၇၂ ဦး၊ (၂)ဘာသာ ၇၁ ဦး၊ (၁)ဘာသာ(၁၁၃)ဦး၊ ဂုဏ်ထူးရှင်စုစုပေါင်း (၂၆၄)ဦး၊ ဧရာဝတီတိုင်းဒေသကြီးအဆင့်၌ အဆင့်(၁၂)ရရှိခဲ့ကြောင်း ပညာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ ဆက်)