သတင်းများ

ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင်ကျေးရွာအုပ်စု၌ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံ
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင် ကျေးရွာအုပ်စုတွင် ခွေးများခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရန်အတွက် ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် သက္ကယ်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထူးချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်
Jul 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့တွင် လက်ဖက်မွှေး ဝယ်လိုအားကောင်းလာခြင်းကြောင့် ပိုမိုစိုက်ပျိုး
Jul 31,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် လက်ဖက်မွှေးများ ဝယ်လိုအား ကောင်းလာခြင်းကြောင့် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း တွေ့ရသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး
Jul 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့နယ်စုပေါင်းရုံးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 
ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ထွန်းမေတ္တာဖူဆယ်ဘောလုံးကွင်း၌ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့၌ ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီတစ်ပိဿာ(၄၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်တွင် ဒေသခံပြည်သူများအားစားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ငှက်ကျကျေးရွာ လယ်မြေတွင် တစ်ဧက(၁၀)တင်း ပိုမိုအထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုး
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ငှက်ကျကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တစ်ဧက(၁၀)တင်း ပိုမို အထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 31,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်၌ ဌာနဆိုင်ရာများက စေတီတော်များအား ထုံးကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။