ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေး ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Jul 04,2025
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် ဖွင့်လှစ်သော ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ကျင်းပခဲ့သည်။