မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနား ကျင်းပ
Mar 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းဝေးခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ယူနက်စကိုမှတ်တမ်းတင်သွင်းနိုင်ရေးရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှုအခမ်းအနား ပြုလုပ်ခဲ့သည်။