ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၁၂၇) ဦးရှိပြီး ယမန်နေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၄၂၇၅)ဦးရှိ

ကယား နိုဝင်ဘာ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ ()ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၁၂၈၂)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၂၇) ဦးမှာ Positive ဖြစ်ပါသဖြင့် ယမန်နေ့တွင် ပိုးတွေ့လူနာသစ် (၁၂၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် ()ဦး၊ သူနာပြုသင်တန်းကျောင်း (PMC)တွင် (၁၉)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်()ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၆၃)ဦး၊  ဖားဆောင်းဆေးရုံတွင် ()ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များ တွင် ()ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၂၇)ဦးနှင့် မယ်စဲ့မြို့နယ်ဆေးရုံတွင် ()ဦး ထားရှိကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၂၇) ဦးရှိရာ ယခုထပ်မံ  တွေ့ရှိချက် အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၀၁၄)ဦး၊ ဆေးရုံဆင်း လူနာ(၄၂၇၅)ဦးရှိပြီး ယနေ့ သေဆုံးလူနာ()ဦးရှိရာ လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်မှ ဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၂၀၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၆) ဦး၊ Positive Medical Centre များတွင် (၅၉)ဦး ဘောလခဲမြို့နယ်တွင် (၂၁၆)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၉၅)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၁၀၂)ဦး စုစုပေါင်းလူနာ (၅၃၈) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)