လွိုင်ကော်မြို့ပေါ်ရှိ စာသင်ကျောင်း (၇)ကျောင်းအား ကိုဗစ်စည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်လှစ်

လွိုင်ကော် နိုဝင်ဘာ ၁

တိုင်းဒေသကြီး/ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှအပ ကျန်မြို့နယ်များ အားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများအပါအဝင်) အား  ယနေ့ နံနက်ပိုင်းမှစ၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပေါ်ရှိ စာသင်ကျောင်း (၇) ကျောင်းအား ကိုဗစ်စည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကျောင်းဖွင့်လှစ်နေမှုကို  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတို့က ကျောင်းဝန်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများရှိ အမှိုက်များ၊ ချုံနွယ်များ ရှင်းလင်းရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ခန်းအတွင်း ကိုဗစ်စည်းကမ်းအတိုင်း သတ်မှတ်အကွာအဝေးဖြင့် သင်ကြားစေရေး စသည်တို့ကို  မှာကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ အား  နှာခေါင်းတို့ပတ် Swab ယူခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြား ခဲ့သည်။

ဆက်လက်၍ ကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် စပ်လျဉ်း၍ “ကျောင်း (၇)ကျောင်းတွင် အ.ထ.ကကျောင်း (၅)ကျောင်း၊ အားကာသိပ္ပံကျောင်းနဲ့ အ.လ.က ဒေါတမကျောင်း၊  လောလောဆယ်တော့ ဒီကျောင်း (၇)ကျောင်းပဲ ဖွင့်သေးတယ်။ ကျောင်းသားလက်ခံနိုင်မှု အင်အားပေါ်မူတည်ပြီးမှ ဒီကျောင်းတွေမှာ ပေါင်းသင့်ရင်လည်းပေါင်းမယ်။ ထပ်ပြီးမှ ဖွင့်နိုင်တဲ့အခြေအနေရှိတဲ့ ကျောင်းတွေကိုလည်း ထပ်မံ ဖွင့်သွားမည်” ဟု လွိုင်ကော်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်စေခြင်း၊ Mask မပါသူများကို အခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်း၊ သတ်မှတ်အကွာအဝေး အတိုင်း သွားလာစေခြင်း၊ နှာခေါင်းတို့ပတ်ယူ၍ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)