ဖားဆောင်း အောက်တိုဘာ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးနေမှုအား ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အလေးထားလိုက်နာ ဆောင်ရွက်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၂၇)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့်စုစည်းကျေးရွာတို့တွင် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာတွင် မဖြစ်မနေ ပါရှိရမည့် အထောက် အထားများ၊ ပညာပေးဆောင်ပုဒ်များ၊ ပန်းခင်းစီမံချက်လုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက ဆက်သွယ် မေးမြန်းရမည့် ရုံးဖုန်းနှင့် ဝန်ထမ်းများ၏ ဖုန်းနံပါတ်များ စသည့်အချက်အလက်များ ပြည့်စုံစွာဖြင့် အသိပညာပေး အကြောင်းအရာများ ပါရှိကြောင်း သိရသည်။
ယင်း လက်ကမ်းစာစောင် ဖြန့်ဝေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်နှင့် ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွေင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ထိုးနှံသည့် ပြည်သူများနှင့် စုစည်းကျေးရွာတွင် နေထိုင်သည့်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)