ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၆)ဦး ထပ်မံတွေ့ရှိ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန် ဆုံး လျော့ချနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ( အခမဲ့) ဆက်လက် စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်တွင် စတင်၍ ဖားဆောင်းမြို့ပါပုကျေးရွာသို့ မိုဘိုင်းရွေ့လျားသွားရောက်ကာ အဆိုပါကျေးရွာတွင် နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်ဆေးပေးခဲ့ကြောင်း သိရသည်။