ကယားပြည်နယ် အောက်တိုဘာ ၃၀
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့်(၁)ဦး စစ်ဆေးခဲ့ရာ(၁)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၉)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၂၅) ဦး တို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၂) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၃)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင်(၅) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၁၆) ဦး၊ ဖားဆောင်မြို့နယ်ရှိ(PMC)များတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ(_PMC) များ တွင်(၇)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်းသိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၃၃) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက် အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း(၄၇၂၁)ဦးရှိပြီး ဆေးရုံဆင်း လူနာ (၄၁၈၄) ဦး ရှိပြီးယနေ့သေဆုံးလူနာ(၁)ဦးမှာ လွိုင်ကော်မြို့နယ်မှဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်း မှာ (၁၉၅)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၇၄) ဦး၊ Positive Medical Centre များတွင် (၂၂)ဦး ၊ ဖရူဆိုမြို့နယ်တွင်(၄)ဦး၊ ဘောလခဲ မြို့နယ် တွင်(၁၂၆)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၈)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၅၇)ဦး ၊မိုးဗြဲ ဆေးရုံတွင်(၁)ဦး စုစုပေါင်း (၃၄၂) ဦး အားကုသပေးလျက် ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။