ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်း
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ လူအသွားအလာများသော နေရာများ၊ လမ်းဘေးဝဲယာ စျေးဆိုင်များ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများတို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။