ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား အသိပညာပေးသင်တန်း Online ဖြင့်ဆောင်ရွက်
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများအား ရောဂါကာကွယ်ရေး ၊ ရောဂါ မပြန့်ပွား စေရေးများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား အသိပညာပေးသင်တန်း အပတ်စဉ်(၁) နှင့်(၂) တို့ကို ကျန်းမာရေးဦးစီးဌာန နှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁ ရက်နေ့ မှ ၂ ရက်နေ့တို့တွင် စေတနာ့ ဝန်ထမ်း(၁၁၆) ဦးတို့အား Online ဖြင့် သက်ဆိုင်ဘာသာရပ်များအလိုက် ပို့ချပေးခဲ့သည်။