ဘောလခဲ ဒီဇင်ဘာ ၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ဘောလခဲခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာထွန်းက အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အဓိပ္ပါယ်၊ မသန်စွမ်းမှုဆိုတာ ဘာလဲ၊ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ဘယ်လောက်ရှိပါသလဲ၊ မသန်စွမ်းသူများနှင့် ပတ်သက်သော ဆောင်ရွက်ပေးမှု၊ ကယားပြည်နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးမှု ခေါင်စဉ်များဖြင့် မေးမြန်းဆွေးနွေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က မေးမြန်းဆွေးနွေးမှုအပေါ် အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်မာထွန်း