ဘောလခဲမြို့တွင် မူလတန်းကြိုကျောင်း၌ မူကြိုကျောင်းသား/ သူများအား စတင်လက်ခံဖွင့်လှစ်နေပြီဖြစ်

ဘောလခဲ ဒီဇင်ဘာ ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ အနီးကပ်ကြီးကြပ်မှုဖြင့် မူကြို အရွယ် ကလေးငယ်များ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးရေး၊ ကိုယ်ကျင့်တရား​ကောင်းမွန်ရေး၊ တီထွင်နိုင်မှု ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ လူမှုဝန်ထမ်းရုံးတွင်း မူလတန်းကြိုကျောင်း၌ စတင်ဖွင်လှစ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ ကလေးထိန်း မူလတန်းကြိုကျောင်း ဖွင်လှစ်ပေးခြင်းဖြင့် နိုင်ငံဝန်ထမ်းသားသမီးများ၊ မြို့ပေါ် ရပ်ကွက်နေပြည်သူနှင့် ရပ်ကွက်တွင်းနေ တောင်သူဦးကြီးများ၏ သားသမီး၊ မြေး၊ မြစ်များအား အပ်နှံပြီး မိမိလုပ်ငန်းရပ်ကို စိတ်ချစွာ သွားလာ၊ လုပ်ကိုင်၊ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့ပေါ် ရပ်ကွက်နေ ကလေးမိခင်ဖြစ်သူ ဒေါ်ရီးမြာထံမှ သိရှိရသည်။

ဇင်မာထွန်း