ဖားဆောင်း နိုဝင်ဘာ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဖားဆောင်း မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦး ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသူကျောင်းသား များက ဖားဆောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့်အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊စည်ပင်သာယာ အမှိုက်သိမ်းယာဉ် အမှိုက်များစွန့်ပစ်ခြင်း၊ စာသင်ခန်းအတွင်း /အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စာသင်ခုံများ စနစ်တကျ စီစဉ်ထားရှိခြင်းနှင့်အတူ ကျောင်းဖွင့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှု များနှင့်အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်