ကယားပြည်နယ်

ကယားပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များသို့ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူသည် မေ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က လွိုင်ကော် သစ်တောခရိုင် ရုံးဝန်းအတွင်းရှိ ဒီးမော့ဆို (ယာယီ) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၇၅,၅၀၀)ပင်၊ သစ်မျိုး (၁၆)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ကန္ဒရဝတီပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၁၀၁,၅၀၀)ပင်၊ သစ်မျိုး (၂၃)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနားနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီး မြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲကို လွိုင်ကော်မြို့  ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပ

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဘောလခဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြည်နယ်သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်း(Grade-5) မြို့နယ်အဆင့်သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ် ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ် ဖြေဆိုခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက် လာမှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
Subscribe to ကယားပြည်နယ်