ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကယားကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကယားကျေးရွာတွင် ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီ အချိန်က အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဝမ်အောင်းကယားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။