လွိုင်ကော်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

လွိုင်ကော်  ဩဂုတ်  ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အမှတ်() လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု၊ လွိုင်ကော်မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးမျိုးကျော် က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း ရည်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်() လူကုန်းကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲနေဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များက သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား လူကုန်ကူးမှုတာဆီး နှိမ်နင်းရေးဉပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု စသည့် ဘာသာရပ်များအား အသေးစိတ်ပို့ချပေးခဲ့ပြီး တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ်  ရှင်းလင်းဖြေကြားပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များတက်ရောက်ကြပြီး သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဆွေးနွေး ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)