ဖားဆောင်းမြို့နယ် မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေး နှိုးဆော်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့ နံနက်(၈) နာရီက မြောက်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။