ဖားဆောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ဖားဆောင်း     သြဂုတ်  ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ()နာရီတွင် ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-ခုနှစ်၊ သြဂုတ်လအတွက် လပင်စင်လစာငွေများကို သြဂုတ်လ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် ဖားဆောင်းမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေမှာ (၁၁၀)ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ဖားဆောင်းမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)