လွိုင်ကော် ဩဂုတ် ၂၅
စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကာအကွယ်ပေး ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ် စားသုံးသူရေးရာ ကော်မတီ (၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကြာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ (၃/၂၀၂၂) အစည်းအဝေးတွင် ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)