လွိုင်ကော် ဩဂုတ် ၂၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ဌာနဆိုင်ရာတို့ ပူးပေါင်း၍ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွွင်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နမ်စေတီတော်ဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံသေးသူများအတွက် ထိုးနှံနိုင်ရေး နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံနိုင်ရန်အတွက်လည်း လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ဝန်းအတွင်းရှိ နှစ်ထပ်ခန်းမဆောင်၌ ဆောင်ရွက်ထားရှိပေးလျက် ရှိသည်။
လွိုင်ကော်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယနေ့ လာရောက်ထိုးနှံသူ (၃၀၀) ဦးရှိပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများလည်း နေ့စဉ်လာရောက် ထိုးနှံလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးထံမှ သိရှိရသည်။ လွိုင်ကော်မြို့နယ်ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းနေပြင်ပလူငယ်များ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)