လွိုင်ကော် ဩဂုတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိရာ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်၊ ကန္တရဝတီဘုန်းကြီးကျောင်း ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း၊ ကွမ်း၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)