ဖား​ဆောင်းမြို့နယ်၊ အ​ခြေခံပညာ​ကျောင်းများတွင် အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ

ဖား​ဆောင်း သြဂုတ် ၂၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘောလခဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အ​ခြေခံပညာ​ကျောင်းများတွင် အသိပညာ​ပေး​ဟော​ပြောခြင်းကို ယ​နေ့နံနက်(၁၀)နာရီအချိန်က (အထက)ဖား​​ဆောင်း​ကျောင်း၊ ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​​ဟော​ပြောပွဲတွင် ​ဘောလခဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်(တာဝန်ခံ)၊ ဦးစီးအရာရှိ ​ဒေါ်သန္တာမြင့်က ​ကျောင်းသား၊​ကျောင်းသူများအား က​လေးသူငယ်အခွင့်အ​ရေး ကိုယ်တိုင်သိရှိနားလည်​​ရေး၊ ကြိုတင်ကာကွယ်သဘာဝ​ဘေးအန္တရာယ်​၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်း​ဝေးဖို့ အားလုံးဝိုင်းဝန်းပူး​ပေါင်းစို့၊ မိုင်းအန္တရာယ် အသိပညာ​ပေးခြင်း စသည့်​ခေါင်းစဉ်များဖြင့် အကျယ်တဝင့်​ ဟော​ပြောခဲ့​​ကြောင်းနှင့်​ ဟော​ပြောပွဲသို့ အလယ်တန်းဆင့်​ကျောင်းသား၊​ ကျောင်းသူ (၁၂၀)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)