ဖားဆောင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဖားဆောင်း     သြဂုတ်     ၂၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (အထက)ဖားဆောင်း၊ ပညာ့ရတနာခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် (အ-ထ-က) ဖားဆောင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးထွန်းလင်း က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင် က  လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ က ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲနှင့် ပြပွဲသို့ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)