ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ် ​​​တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​မန်နေ့ နံနက် (၉) နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော် တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်း ကင်ဆာ​ရောဂါ ကြိုတင်ကာကွယ်​စေရန် ရည်ရွယ်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းကို ယ​နေ့နံနက်(၈)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေး နှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန် နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၉)နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​မြောက်ပိုင်းရပ်ကွက်၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးအပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပထမ(၃)လပတ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းကို ယ​န့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ​ တာဝန်ခံဦး​ကျော်သန့်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်/​ကျေးစာ​ရေးများ၊ ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများက အိမ်တိုင်ရာ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်