မော်ချီးကျေးရွာအုပ်စု၊ သဘာဝဘေးဒဏ်ခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း

ဖားဆောင်း     သြဂုတ်    ၂၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့က သဘာဝဘေးဒဏ်၊ မြေပြိုဘေးခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်း က မော်ချီးတောင်ပေါ်ကျေးရွာ၊ (အမက)ကျောင်းရုံးခန်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ဘောလခဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဦးဖြိုးစည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကယားပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀)စုအတွက် (၅၀၀၀၀၀/-) ကျပ်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြေပြိုမှုတွင်ပါဝင်သွားသည့် နေအိမ်()လုံးအတွက် ()လုံးလျှင် (၁၀၀၀၀၀/-) ကျပ်နှုန်းဖြင့် (၄၀၀၀၀၀/-) ကျပ်နှင့် မြေပြိုမှုတွင်ပါဝင်သွားသည့် လူဦးရေ (၄၃)ဦးအား ()ဦးလျှင် ဆန်ရိက္ခာ ()ရက်အတွက် (၂၁၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေ (၉၀၃၀၀/-)ကျပ်နှင့် အိုးခွက်၊ အဝတ်အထည်၊ မီးဖိုဆောင်သုံးပစ္စည်းများ (Family kit)၊ ဖားဆောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စု (၁၀)စုအတွက် ()ရက်စာဆန်၊ ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ ရေသန့်များအတွက် ()အိမ်ထောင်လျှင် (၂၅၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေ (၂၅၀၀၀၀/-) ကျပ်၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (မော်ချီးဒေသ)မှ တစ်အိမ်ထောင်လျှင် (၁၀၀၀၀၀/-) ကျပ်နှင့် (ဆန်တစ်အိတ်)နှုန်းဖြင့် အိမ်ထောင်စု (၁၀)စုအတွက် (၁၀၀၀၀၀၀/-)ကျပ်နှင့် ဆန်(၁၀)အိတ် တို့ကို သဘာဝဘေးဒဏ်မြေပြိုဘေးခံစားရသည့် အိမ်ထောင်စုများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)