မချမ်းဘောမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား
ကချင်ပြည်နယ်၊ မချမ်းဘောမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာနှစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှစ၍ ကျင်းပလျက်ရှိရာ ယနေ့တွင်လည်း ရေကစားသူများ၊ ယိမ်းအကအလှများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။