မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကျနေ့) တွင် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာရေကစား

မိုးညှင်း ဧပြီ ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ စုပေါင်းရုံးအရှေ့ ခရိုင်ဗဟိုမဏ္ဍပ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတော် (သင်္ကြန်အကျနေ့) တွင် ယနေ့နံနက်ပိုင်းမှစတင်၍ သင်္ကြန်ပျော်လာရောက်ကြသည့် ပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းခရိုင်ဗဟိုမဏ္ဍပ်ကို သင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များမှ ဦးဆောင်မှုဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိပြီး သင်္ကြန်ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ အဆိုဝါသနာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ DJ တီးလုံးနှင့် ရေကစားကြသူများမှ ပျော်ရွှင်စွာရေကစားလျက်ရှိကြကြောင်း၊ မဟာသင်္ကြန် (အကြိုနေ့) မှစ၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ အချိုရည်အအေးများ၊ စတုဒိသာမုန့်များဖြင့် နံနက်နှင့် ညနေ့ တစ်ရက်နှစ်ကြိမ်ခွဲ၍ ကျွေးမွေးလျက်ရှိကြောင်းနှင့် လမ်းလျှောက်သင်္ကြန်တွင်လည်း ပြည်သူများမှ ပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း