ပူတာအိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးလှူဒါန်း

ပူတာအို ဧပြီ  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ဧပြီ (၁၅) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ထိုသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဉမ္မာကိုကိုကြီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများကို ကြည့်ရှုအားပေးကြပြီး  ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ လှူဒါန်းမှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပါဝင်ဆင်နွဲသူများအား စတုဒီသာဧည့်ခံကျွေးမွေးခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)