မိုးညှင်း ဧပြီ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ စုပေါင်းရုံးအရှေ့ ခရိုင်ဗဟိုမဏ္ဍပ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတော် (သင်္ကြန်အတက်နေ့)တွင် ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မိုးညှင်းခရိုင် ဗဟိုမဏ္ဍပ်ကို သင်္ကြန်ကျင်းပရေးဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များမှ ဦးဆောင်မှုဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိပြီး ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအကများ စုစုပေါင်း (၉)ဖွဲ့နှင့် ဖျော်ဖြေရေးယိမ်းအကအဖွဲ့ စုစုပေါင်း(၁၆)ဖွဲ့တို့မှ ကပြဖျော်ဖြေခြင်းများ၊ အဆိုဝါသနာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများ၊ ပြည်သူများမှ တောင်းဆိုသည့် DJ တီးလုံးနှင့် ရေကစားကြသူများမှ အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိကြောင်း၊ အဆိုပါမဟာသင်္ကြန်ပွဲတော်(အကြိုနေ့)မှစ၍ ဌာနဆိုင်ရာများနှင့် အလှူးရှင်များမှ အချိုရည်အအေးများ၊ စတုဒီသာမုန့်များဖြင့် ကျွေးမွေးလျက်ရှိကြောင်းနှင့် လမ်းလျှောက်သင်္ကြန်တွင်လည်း ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်များကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် နံနက်ပိုင်းနှင့် ညနေပိုင်းအစီအစဉ်များဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း