မချမ်းဘောမြို့၌ မဟာသင်္ကြန်အကြတ်နေတွင် ရေကစားသူများဖြင့် စည်ကား

မချမ်းဘော ဧပြီ ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မဟာသင်္ကြန်အကြတ်နေ့တွင် လမ်းလျှောက်သင်္ကြန်ကို နံနက် ၁၀ နာရီမှ စတင်ကာ ရေသဘင်ဆင်နွဲလျက်ရှိပြီး ရေကစားသူများ၊ ဖျော်ဖြေရေးယိမ်းအကအလှများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများလည်း ပျော်ရွှင်စွာဆင်နွဲကြပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် အလှူရှင်များမှ ကျွေးမွေးသော ကြာဆံကြော်နှင့် သာကူကျိုစတုဒိသာများကိုလည်း ပျော်ပျော်ပါးပါး စားသောက်ကာ ပါဝင်ဆင်နွဲလျက်ရှိကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော)